Monday, 31 January 2011

မှတ်တိုင်လေးများ

မူလတန်းကျောင်းသူဘဝလေးကို မွေးရပ်မြေရွာကလေးမှာပဲကုန်ဆုံးစေခဲ့တယ်။ အလယ်တန်းကျောင်းသူဖြစ်လာတော့ တောင်ပေါ်မြို့လေးမှာ ၂နှစ်တာကုန်ဆုံးစေခဲ့တယ်။ ကျန်တဲ့ အလယ်တန်းကျောင်းသူဘဝလေးကိုတော့ မွေးရပ်မြေကိုပဲ တဖန်ပြန်လာပြီး ဖြတ်သန်းခဲ့တယ်။ အထက်တန်းကျောင်းသူဘဝရောက်တော့ မြန်မာသာမက ကမ္ဘာကပါသိတဲ့ မြို့လေးမှာ နေထိုင်ရင်း ဖြတ်ကျော်ခဲ့တယ်။ တက္ကသိုလ်ရောက်တော့ ရေဆင်းမြေမှာ ၅နှစ်တာခိုလှုံရင်း ကျောင်းပြီးသွားပြန်တော့ အထက်တန်းကျောင်းသူဘဝက မြို့လေးမှာတာဝန်ထမ်းဆောင်ရင်းနဲ့ ဘဝထဲကို အမှန်အကန် တိုးဝင်ခဲ့ရတော့တယ်။ ကျောင်းပြီးတဲ့အထိ အောင်မြင်မှုမှတ်တိုင်လေးတွေ နှစ်စဉ်စိုက်ထူနိုင်ခဲ့တယ်။ ၄နှစ်တာကုန်ဆုံးသွားပြန်တော့ ပညာရေးကရေစက်မကုန်သေးလို့ ဂျပန်ပြည်ကြီးကိုရောက် ပညာတွေဆက်သင်ရပြန်တယ်။ ဂျပန်မှာ ၆နှစ်တာကုန်ဆုံးပြီးရင်တော့ အမိမြေကို ပြန်လို့ ဘယ်မှာတာဝန်ထမ်းဆောင်ရမလဲ မသိသေးဘူးပေါ့နော်။ အေးချမ်းစွာ ပညာသင်ကြားနိုင်ခွင့်ပေးခဲ့တဲ့ မိဘနှစ်ပါး၊ အထူးသဖြင့် အဖွား၊ အမြင့်ကိုတက်လှမ်းနိုင်အောင် သွန်သင်ဆုံးမ လမ်းညွှန်မှုတွေပေးခဲ့တဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံး၊ ကျွန်မဘဝရဲ့ ကျေးဇူးရှင်များအားလုံးကို ရိုသေစွာ ကန်တော့လိုက်ပါတယ်ရှင်။

No comments:

Post a Comment